International News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ GDP ၆.၉ ရာခိုင်နှုန်းကျဆင်းမည်ဟု IMF ခန့်မှန်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ (COVID-19) အကျပ်အတည်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ GDP ၆.၉ ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေး သည် ပြန်လည်ဖွံ့ဖြိုးတိုးတက်နိုင်ပြီး ၄.၆ ရာခိုင်နှုန်းဖြင့် တိုးတက်မှုရှိနိုင်ကြောင်း ၁၄-၄-၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ နောက်ဆုံးထုတ် စီးပွားရေး ခန့်မှန်းချက်တွင် ဖော်ပြ ထားကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် စီးပွားရေးတိုးတက်မှုနှုန်း ၁.၄ ရာခိုင်နှုန်းဖြင့် တိုးတက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းထား မှာ ၀.၃ ရာခိုင်နှုန်းဖြင့် အလွန်နိမ့်သည့် နှုန်းထားရှိမည်ဟု IMF က ခန့်မှန်းထားပြီး၊ ၂၀၂၁ ခုနှစ်တွင်မူ ဈေးနှုန်းများ မြင့်တက်လာနိုင်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းထား အနည်းငယ် မြင့်တက်နိုင်ပြီး (၁.၁) ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် (၅.၄) ရာခိုင်နှုန်းရှိခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းထားသည် ၂၀၂၀ ပြည့်နှစ်တွင် (၇.၃) ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း (၆.၈) ရာခိုင်နှုန်းသို့ ပြန်လည် ကျဆင်းနိုင်မည်ဟု  အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ ၁၄-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News